ညီလေးတစ်ယောက်က အတင်တာနက်မှာ IDM (Internet Download Manager)သုံးလို့မရ
အောင်ပိတ်ထားချင်တယ်-လို့ပြောလာတာနဲ့ ဒီပို့စ်ကိုတင်လိုက်တာ။ သူကအင်တာနက် ကဖေးဖွင့်ထား
ပုံရပါတယ်။ ဟုတ်တယ် တစ်ချို့ကအင်တာနက်ဆိုင်သွားရင် ဂိမ်း၊ ရုပ်ရှင် ဆိုက်ရှည်တာတွေဒေါင်း
လုဒ်ကြတယ်။ တကယ်တော့ အဲဒါတွေတကယ့်ကွန်နက်ရှင်းကောင်းတဲ့နေရာတွေလောက်ပဲ ဒေါင်းတာ
ကောင်းတယ်။ ပုံမှန်ကွန်နက်ရှင်းနဲ့ဆို မဒေါင်းသင့်ဘူးလို့ထင်တယ်။ ကိုယ်ဒေါင်းတဲ့ဟာတော်ရုံနဲ့ပြီးမှာမ
ဟုတ်သလို တဖက်သုံးတဲ့ပုဂ္ဂိုလ်များအတွက် အတော်အနှောင့်အယှက်ဖြစ်တယ်။ ပိုက်ပိုက်နဲ့ပေးရတာပဲ
သုံးချင်တာသုံးမယ်ဆိုတဲ့သဘောဆိုရင် တစ်မျိုးပေါ့လေ။ ကဲ...ထားလိုက်ပါတော့ အပြင်ရောက်သွား
တယ်။
မည့်သည့်ပရိုဂရမ်မဆို အင်တာနက် access မရအောင်လုပ်ထားချင်ရင်...ဒီလိုလုပ်ကြ
မယ်ဗျာ...
၁။ Control Panel> Windows Firewall ကိုနှိပ်။
၂။ နောက်ဘောက်စ်တွင် ဘယ်ဖက်က Advance Setting ကိုနှိပ်ပါ။ (Window 7)
၃။ ဒီအဆင့်တွင် Windows Firewall Advance Security ဘောက်စ်ပေါ်လာမည်။
၎င်းဘောက်စ်တွင် ဘယ်ဖက် (သို့)အလယ်တည့်တည့်တွင် Inbound Rules ကိုနှိပ်။
၎။ ထိုနောက် အလယ်လယ်တည့်တည့်တွင် ပရိုဂရမ်များပေါ်လာမည်၊ အဲမှာ မိမိပိတ်လိုသောပရို
ဂရမ်ကို Right Click> Properties ကိုနှိပ်။
၅။ ၎င်း Properties ဘောက်စ်ပေါ်လာရင် Block the connection ကို အမှန်ခြစ်
ပြီး Apply> OK
၆။ ပြီးတော့ရင် Windows Firewall Advance Security ဘောက်စ်ကိုပဲ ဘယ်ဖက်
Outbound Rules ကိုနှိပ်၊ ထိုနောက် ညာဖက်တွင် Action> New Rules ကိုဆက်နှိပ်ပါ။
၇။ New Rule Outbound Windzard ဘောက်စ်ပေါ်လာရင် Program ကိုရွေးပြီး Next
ကိုနှိပ်။
၈။ နောက်ဘောက်စ်တွင် Browse တွင် the program path ရွေးပါ။ (path ဆိုတာအောက်
ပါအတိုင်းပါပဲ)
၉။ ဒီဘောက်စ်မှာ Block this connection ကိုရွေးပြီး Next ကိုနှိပ်။
၁၀။ အားလုံးကိုရွေးပြီး Next ကိုပဲနှိပ်၊ နောက်ဆုံးဘောက်စ်မှာ name/ description တွေကို
ရိုက်ထည့်ပြီးရင် Finish ပေါ့ဗျာ။
(ပိတ်ထားတဲ့ ပရိုဂရမ်တွေကို ပြန်ဖွင့်ချင်ခဲ့ရင် လုပ်တတ်မယ်လို့ထင်ပါတယ်)
Ref: Block full internet access to a program
အဆင်ပြေပါစေ...
စောလင်းနက်စ်

အကိုရေ ကျွန်တော်ကိုတစ်စိတ်လောက်ကူညီပါ ကျွန်တော်နားမလည်လို့ ကျွန်တော်အကိုပြောသလိုလုပ်တယ် ဒါပေမယ် မရဘူးအကို Windows Firewall Advance Security အဲ့ဒိဘောက်ပေါ်လာတယ် ဒါပေမယ် ဘာမှမရှိဘူး သူကဘာရေထားလည်းဆို { the windows firewall with advanced Security snap-in failed load. Restart the windows firewall service on the computer that you are managing. Error coad;0x6D9 အဲ့လိုရေထားတယ် ဘယ်လိုလုပ်ကမလည်း ကူညီပါဦးအကို soethu367@gmail.com
ReplyDelete