welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Thursday, June 30, 2011

Saw Linux  /  7:30 PM  /  ,   /  No comments
ဘောစ်မှာ ညီလေးတစ်ယောက်က CPU uCode loading error Resesum to F1 ဆိုပြီး သူ့စက်ရဲ့ပြဿ နာမေးလာပါတယ်။ ရိုးရိုး Press F1 to continue ဆိုရင် ဆိုင်ရာစက်အမျိုးအစားလိုက် BIOS ထဲဝင်ပြီး ပြင်ဆင်ရပါမယ်။ စက်အမျိုးအစားက တစ်လုံးနဲ့တစ်လုံးမတူလေတော့ ကျနော်အသေးစိတ်ပြောဖို့ နည်း တော့အခက်အခဲရှိတယ်။ နမူနာအဖြစ်… ဒီပို့စ်ကိုဖတ်ကြည့်ပါ။ BIOS ထိုင်ပုံခြင်းတူရင်တော့ ဒီအတိုင်းပဲလိုက်လုပ်ပေါ့။ အကယ်၍မတူခဲ့သော် မိမိ BIOS Menu မှာပါတဲ့ Main, Advance, Power, Boot, Exit မှာ F1 ဆိုတာလေးတွေ့အောင်ရှာပါ။ ပြီးတော့ Disabled ဆိုတာကိုရွေးပါ။ ဒါက ရိုးရိုး Press F1 to continue ကိုဖြေရှင်းတဲ့နည်းပေါ့ဗျာ။ အရင်ဆုံးဒီနည်းကိုစမ်းကြည့်ပါ။

ဒါပေမယ့် အခု Intel CPU uCode Loading Error! ဖြစ်တဲ့ပုံက အထက်ပါ ရိုးရိုး Press F1 to continue မတူတော့ပါဘူး။
(Power ဖွင့်ဖွင့်ခြင်း) Intel CPU uCode Error, F1 to Resume ဆိုတဲ့ စာသားတွေပေါ်ပြီး ၀င်းဒိုးက တက်မ လာဘူးဆိုရင် သေချာတဲ့အဖြေတစ်ခုကတော့ CPU နဲ့ MotherBoard နှစ်ခု Match မဖြစ်လို့ ပေါ်လာတာပါ... သူ့ကိုဘယ်လိုလုပ်ရင်ရသလည်းဆိုတော့..Mother Board ရဲ့ BIOS ကို Update လုပ်ရမှာဖြစ်ပါတယ်။ အကယ်လို့များ အဆင်မပြေရင် Mother Board က ဘယ် CPU တွေကို ဘယ်လောက်ထိ Support လုပ်သလည်းဆိုတာကို အရင် သိအောင်လုပ်ကြည့်လိုက်ပါ...သိပြီဆိုရင် တစ်ခုခုကို ချိန်းဖို့လိုပါလိမ့်မယ်။
ဒီ BIOS Update လုပ်ဖို့ဆိုရင် အတွေ့အကြုံနည်းနည်းရှိတဲ့လူမှပိုပြီးအဆင်နိုင်ပါလိမ့်မယ်။ သို့မဟုတ်ရင် စက်မတက်တဲ့ပြဿနာကိုကြုံရနိုင်တယ်။

BIOS Update လုပ်နည်း ၂ မျိုး
BIOS Update လုပ်နည်းကတော့ အောက်ပါအတိုင်း ၂-နည်းတွေ့ရတယ်။ ကျနော်အင်္ဂလိပ်လိုတင်ထားလိုက် တယ်။ သေသေချာချာဖတ်ကြည့်ရင် သဘောပေါက်နိုင်ပါတယ်။ ဒီနည်းလမ်း ၂-ခုထဲက တစ်ခုခုကိုအသုံးပြုရ ပါ့မယ်။ အဲဒီထဲမှာပါတဲ့ ROM file ရဲ့အရှည်က 'Read Only Memory Image'ပါပဲ။


(၁) The first method listed you will need the Afudos utility and the .ROM file on the floppy.
When you reboot you should end up at a command prompt from there you would type in
afudos /nameofROM.ROM where nameofROM = the name of the ROM file you downloaded.

(၂) The second method requires only the ROM file to be on the floppy and when you reboot
to press Alt+F2 and it should flash the BIOS.

Personally, the second method sounds the simplest.

BIOS Update လုပ်နည်းအထောက်အကူပြု ဗွီဒီယိုဖိုင်


Ref: http://www.ozzu.com/mswindows-forum/intel-cpu-ucode-loading-error-t71647.html

အဆင်ပြေပါစေ...
စောလင်းနက်စ်

0 comments:

Post a Comment

Search