welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, June 8, 2011

Saw Linux  /  6:35 PM  /    /  No comments
Bootmgr is missing = ဆိုတဲ့ error ကွန်ပျူာတာကိုသုံးစွဲသူများအတွက်မကြာကြာ
တွေ့ရပါလိမ့်မယ်။ အဲဒီပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကို လေ့လာကြရအောင်။
အောက်ပါပုံသည် Bootmgr is missing = ဆိုတဲ့ error ပုံပေါ့ဗျာ။


BOOTMGR is missing ဖြေရှင်းနည်း

၁။ Window 7 or Vista DVD ကို စက်ထဲထည့်ပြီး Boot တက်လိုက်ပါ။ အောက်ပါ
ပုံအထိရောက်ရင် Next ကိုနှိပ်ပါ။


၂။ နောက်ပါသောပုံတွင် Repair your computer ကိုနှိပ်


၃။ ထိုနောက် System Recovery Option ပေါ်လာရင် မိမိ Repair လုပ်မည့် ၀င်းဒိုး
ကိုရွေးပြီး Next ကိုနှိပ်ပါ။


၎။ နောက်ဆင့်တွင် System Recovery Option ဘောက်စ်ပေါ်လာရင် Startup Repair
ကိုနှိပ်။


၅။ ဒီအဆင့်တွင် Startup Repair က System ကိုပြင်ပေးတဲ့ပုံဖြစ်ပါတယ်။ ဒီအတိုင်းပဲကြည့်
နေလိုက်ပါ။ ပြီးရင် Restart ကျသွားပါလိမ့်မယ်။


မှတ်ချက်=
အထက်ပါ Startup Repair ကိုမရွေးခဲ့ရင်လည်း အဲဒီအစား Command Prompt option
ကိုရွေးနိုင်ပါတယ်။ Command Prompt option ပေါ်လာရင် အောက်ပါ Command ကိုရိုက်
ထည့်ပါ။
bootrec /fixboot > ပြီးရင် Enter ခေါက်ပါ။ ပြီးတော့ Restart ပေါ့ဗျာ။

ကဲ...ဒါပါပဲ။

Ref : BOOTMGR is missing

အဆင်ပြေပါစေ...
စောလင်းနက်စ်

0 comments:

Post a Comment

Search