welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Thursday, July 28, 2011

Saw Linux  /  5:34 AM  /  ,   /  No comments
အချိန်ရတုန်းပို့စ်အသစ်တွေတင်လိုက်အုန်းမယ်။ စုရင်း ဆောင်းရင်း ဝေငှရင်းနဲ့ပေါ့ဗျာ။ ကျနော့်ဆိုက်မှာအများ အားဖြင့် PC နဲ့ ပတ်သက်တဲ့ thread တွေပဲ ကြိုးစားတင်လေ့ရှိပါတယ်။ အခြားအကြောင်းတွေကတော့ ကျနော် လက်လှမ်းမမှီတာလဲပါတော့ပေါ့လေ။ သိတာလေးတော့ရှိပါတယ်။ ဥပမာ..ဘလော့အကြောင်းကိုရေးဖိုဆိုတာ ဆိုက်တော်များရေးထားပြီးသားဆိုတော့ ကျနော်သိပ်ပြီး မုမ၀င်တော့ဘူး။ အခြားဝါဒ်ပရက်စ်၊ Web Developer ရေးဖို့ဆိုတော့ ကိုယ်ကမနိုင်တော့ မလွယ်ပြန်ရော။ ဒါကြောင့် ကိုယ်သိတဲ့ Basic PC အကြောင်းလေးကိုပဲ Basic ဖြစ်တဲ့ပုဂ္ဂိုလ်များအတွက် ရှယ်တဲ့ပေးတဲ့သဘောပါပဲ။

External HD မှာ Folder များ Shout cut ဖြစ်သွားတာကို ဘယ်လိုဖြေရှင်းမလဲ။ ဖြေရှင်းနည်းကတော့ အချက် (၃) ချက်နဲ့ ဖြေရှင်းကြည့်ရအောင်…

ပထမချက်… Autorun Exterminator နဲ့ ဖြေရှင်းနည်း

၁။ Autorun Exterminator ကို ဒီမှာ အရင်ဒေါင်းလုပ်ချလိုက်ပါ။

၂။ ပြီးတာနဲ့ Autorun Exterminator ကို Double click ပေးလိုက်ပါ။
မှတ်ချက်= မိမိ External hard Disk ကို ကွန်ပျူတာမှာ အရင်တပ်ထားရပါ။ Double click ဖွင့်ပြီးတာနဲ့
Open Log ကို click ပေးပါ။ ဒါဆို Autorun.inf ကို တွေ့တာနဲ့ Remove လုပ်ပေးပါလိမ့်မည်။

ဒုတိယအချက်….cmd.exe နဲ့ရှင်းမယ်

၁။ Start > Run or Window + R >> cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
၂။ အောက်ကအတိုင်း command ကို ရိုက်ပြီး Enter ခေါက်ပါ။
မှတ်ချက် = j သည် မိမိ ရဲ့ External Hard Disk ရဲ့ Drive letter ဖြစ်ပါသည်။ မိမိစက်ရဲ့ HD Drive ကို
ပြောင်းလဲ ထည့်ပါ။

attrib -h -r -s /s /d j:\*.*

တတိယ်အချက်…Malwarebyte Anti’Malware ဆော့ဝဲနဲ့ scan စစ်မယ်

၁။ အောက်က ဒီဆိုက်မှာ Download ချပါ။
၂။ ဒေါင်းလုဒ်ပြီးတော့ update လုပ်ပါ>> ပြီးတော့ Perform “ Full Scan “ လုပ်ပါ။

အဆင်ပြေပါစေ...

စောလင်းနက်စ်

0 comments:

Post a Comment

Search