welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, July 13, 2011

Saw Linux  /  8:14 PM  /    /  No comments
(SATA) နဲ့ (ATA) ဘယ်လိုခြားနားမှုတွေရှိသလဲ နောက်ပြီး သူတို့ရဲ့ဆက်သွယ်မှု cable ဘယ်ကွာခြားသလဲ
သိရှိနိုင်အောင် ဒီပို့စ်ကနေစုစည်းတင်ပြပေးခြင်းဖြစ်ပါတယ်။
(SATA) နဲ့ (ATA) အကြောင်းလေးကို ကျွန်တော်သိသလောက်ရေးဆွေးနွေးပေးတဲ့သဘောပါပဲ ။ အမှားပါရင်လဲ သည်းခံပေးပါ ။ ကျွန်တော် သူငယ်ချင်းတွေထဲမှာကို SATA နဲ့ ATA ကို Interface နှစ်ခုလို့ ထင်နေတဲ့သူ တွေရှိနေလို့ ကျွန်တော် ဒီ post လေးကို တင်တာပါ ။
SATA (Serial Advanced Technology Attechment ) ဆိုတာ Bus တစ်မျိုးပါ ။ Harddisk မှ ဒါမှမဟုတ် Harddisk သို့ Data Transfer လုပ်တဲ့နေရာမှာအသုံးပြုပါတယ် ။ SATA မပေါ်ခင် က ကျွန်တော်တို့ ATA (Advanced Technology Attechment ) ကိုအသုံးပြုပါတယ်။ အဲဒါကို တော်တော်များများက (IDE) ထင်နေကြတယ်။ တကယ်တော့ SATA ရော ATA ပါ IDE (Integrated Drive Electronics )အုပ်စုဝင်ဖြစ် ပါတယ် ။

ကျွန်တော်အရင်ဆုံး SATA အကြောင်းမပြောခင် SATA နဲ့ ATA ကွဲပြားတာလေးတွေ ပြောပြချင်ပါတယ်။

• ATA (Advanced Technology Attechment) or IDE
Capacity 80 /160/320.........GB
Speed 5400/7200/10000.......RPM
Size 3.5 inch (Desktop )
2.5 inch (Notebook)
Power pin 4 pin (Molex Connector)
Data Cable pin 40 pin
Max Cable Length 18 inch (1 ပေခွဲ)
One Controller 2 Devices
Jumper Assingn Master/ Slave
ATAမှာ One Controller ကို Devices နှစ်လုံးတပ်မယ်ဆိုရင် Jumper setting ကို Master/Slave ဆို ပြီး Assign လုပ်ပေးရပါတယ် ။

• SATA (Serial Advanced Technology Attechment)
Capacity 80 /160/320.........GB /1 TB......
Speed 5400/7200/10000.......RPM
Size 3.5 inch
2.5 inch (Notebook)
Power pin 15 pin
Data Cable pin 7 pin
Max Cable Length 36 inch ( 3 ပေ)
SATA မှက jumper ချိုးစရာမလိုပါဘူး ။ သူကpoint to point connection ပါ port တစ်ခုကို တစ်လုံး ဖြင့်အသုံးပြုပါတယ် ။ ပြီးတော့သူက Hot Swapable ပါ ။
ATA နှင့် SATA Bus Speed ကွဲပြားပုံ
• Standard ATA
ATA 1 8.33 Mbps
ATA 2 16.67 Mbps
ATA 3 16.67 Mbps
ATA 4 33.33 Mbps
ATA 5 66.67 Mbps
ATA 6 100 Mbps
ATA 7 133 Mbps (ATA ရဲ့ အမြင့်ဆုံး Speed )

ကျွန်တော်တို့ ATA 1နဲ့ 2 ဟာ Auto Detect မသိသေးတဲ့ အချိန်ပါ ။ Auto Detect မသိသေးတဲ့ အချိန်က ဆို Harddisk ရဲ့ C.H.S Value ကို Cylinders / Heards / Sector per Tracks ဆို ပြီးရိုက်ထည့်ပေးရပါတယ် ။
ATA 3 ကစပြီး LBA (Logical Black Addressing ) or DMA (Direct memory Access )လုပ်နိုင် တဲ့ Auto Detect စသိတဲ့ Standard တွေပါ ။
DMA (40 pin /40 wire )ထက် မြန်တဲ့ uDMA (Ultra DMA 40pin /80 wire)ကို ATA 5 ကနေစတင်အသုံးပြုပါတယ်။

• SATA Data Transfer Speed

SATA 1.5 Gbps
SATA ll 3 Gbps
SATA lll 6 Gbps တို့ဖြစ်ပါတယ် ။

• SATA အကြောင်း

SATA က serial Bus Technology ပါ ။ SATA ကpoint to point connection ပါ ။ port တစ်ခုမှာ တစ်လုံးအ သုံးပြုပါတယ် ။ Jumper ချိုးစရာမလို့ပါဘူး ။ Hot Swapable Support လုပ်ပါတယ်။SATA ရဲ့ power pin 15 pin ရှီပါတယ် ။ 3 ပင်စီ 3 စုံ (9 ပင် ) 3.3v/5.v/9.v ဆီ ပံပိုးပေးပါတယ်။ ကျန်တဲ့ 6 ပင်ကတော့ Ground တွေပါ ။ power ပင် တစ်စုံစီက ပင် တစ်ပင် ဟာ Hot Plug အတွက် အသုံးပြုပါတယ်။SATA ll ရဲ့ Data Transfer Speed ဟာ 3 Gbps ဖြစ်ပါတယ် ။ အရင်SATA ရဲ့ နှစ်ဆဖြစ်ပါတယ် ။အရင် SATA ရဲ့Speed ဟာ 1.5 Gbps ဖြစ်ပါတယ်။
တကယ်တော့ SATA (Serial Advanced Technology Attechment) ရော ATA ( Advanced Technology Attechment ) ဟာ IDE (Integrated Drive Electronic ) အုပ်စုဝင်ဖြစ်ပါတယ် ။

Ref : http://sithukyaw.mandalaybloggers.org/2011/03/serial-ata-sata_31.html

IDE / EIDE cable


SATA Cable


ATA, IDE နဲ့ EIDE အကြောင်း
ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D

ATA ဆိုတာ Advanced Technology Attachment ရဲ့ အတိုကောက်ဖြစ်ပါတယ်..သူက နည်းပညာ ရဲ့  standard တစ်ခု ဖြစ်ပါတယ် ဘယ်လိုမျိုး standard လဲဆိုတော့ hard disk နဲ့  motherboard အကြား Data တွေကို သယ်ဆောင်ပေးဖို့ အတွက်ပြုလုပ် ထားတဲ့ ribbon cable ရဲ့  standard ပေါ့..၂၀ ရာစု မှာပေါ်ခဲ့ကြတဲ့ hard disk တွေဟာ motherboard နဲ့ ဆက်သွယ်ဖို့  အတွက် data bus လမ်းကြောင်းကို IDE cable ကိုအသုံးပြုခဲ့ကြပါတယ်.. စစချင်း ထုတ်တုန်းကတော့ hard disk နဲ့ ချိတ်ဆက်ဖို့ အတွက်ရည်ရွယ်ခဲ့ပြီး နောက်ပိုင်းမှာ CDROM,DVD ROM , SCSI device တွေကိုပါ တွဲသုံးဖို့ ဖြစ်လာပါတယ်..ATA packet interface အဖြစ်အသုံးပြုသောကြာင့် ATAPI လို့ လည်းခေါ်ပါတယ်..

IDE - Integrated Drive Electronics(ATA-1)
IDE ဆိုတာ Integrated Drive Electronic ရဲ့ အတိုကောက်ဖြစ်ပါတယ်..1994 ခုနှစ်က ထုတ်လုပ်ပါတယ် ATA ထဲမှာတော့အစောဆုံး နည်းပညာဖြစ်ပါတယ်..ATA-1 လို့  လည်း ခေါ်ပါတယ်..ATA-1 မှာအသုံးပြုတဲ့ transfer modeက PIO mode ဖြစ်ပြီး mode 0 နဲ့  mode 1 ကို support လုပ်ပါတယ်.. တစ်စက္ကန့်  မှာသယ်ဆောင် နိုင်တဲ့ transfer rate က 8Mbps(million bit per second) ဖြစ်ပါတယ်..
EIDE - Enhanced IDE(ATA-2)
1996 ခုနှစ်ကျတော့ Enhanced IDE ဆိုပြီးပေါ်လာပါတယ် EIDE Enhanced IDE ကို ATA-2 လို့ ခေါ်သလို fast ATA လို့ လည်းခေါ်ပါသေးတယ်..16Mbps ထိ transfer rate လုပ်နိုင် ပါတယ်..IDE မှာတုန်းက PIO mode နဲ့ run နေတာ mode 0 mode 1 သာ support လုပ်ပြီး EIDE မှာတော့ PIO mode 3 mode 4 ကို support လုပ်ပါတယ် PIO mode (Programable Input Output)က data တွေကို သယ်ဆောင်တဲ့ အခါ transfer rate လုပ်တဲ့ နည်းပညာ ဖြစ်ပါ တယ်..
ATA-3
1997 မှာ ATA-3 ကိုထုတ်ပါတယ် သူ့ မှာ ဘာပြောင်းလဲလာသလဲဆိုတော့ Improved Reliability , SMART နဲ့  security feature တွေပါဝင်လာပါတယ်…
ATA-4
1988 မှာ ATA-4 ကို ထုတ်လုပ်ပါတယ်…PIO mode အစား Ultra ATA/33 ကိုသုံးစွဲလာပါတယ်… Ultra DMA လို့ လည်းခေါ်ပါတယ်..33Mbps ထိ transfer လုပ်နိုင်ပါတယ်..နောက်သူ့ ကို ATAPI 4 လို့ လည်းခေါ်ပါတယ်..
ATA-5
ATA-5 ကို 2000 ခုနှစ်မှာ ထုတ်လိုက်ပြီး၎င်းကို Ultra ATA/66 လို့ လဲခေါ်တယ် 66Mbps အထိ transfer လုပ်နိုင်ပါတယ်..ယခင်က ribbon cable ကြိုးကို 40wire သုံးစွဲရာကနေ 80 wire သုံးစွဲလာပါတယ် ဒီလို 80 wire သုံးစွဲခြင်းအားဖြင့် crosstalk ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်..
ATA-6
2001 ခုနှစ်မှာ Ultra ATA-100 ထုတ်လုပ်ပြီး transfer speeds ကတော့ 100Mbps ထိုရလာပါတယ်..
ATA-7
2002 မှာ ATA-7 ကိုထုတ်ပါတယ် သူ့ ကို Ultra ATA-133 လို့ ခေါ်ပါတယ် data transfer speed က 133Mbps ထိရပါတယ်...ATA-7 ဟာ ATA-6 ကို backward compatable ဖြစ်ပါတယ်.. မကြာမှီမှာပဲ SATA ကို 2002 ခုနှစ်ကုန်ပိုင်းမှာထုတ်လာတဲ့အတွက် ရှေ့ ကထုတ်ခဲ့တဲ့ Ultra ATA-100 တို့  Ultra ATA-133 တို့ ကို PATA လို့ ခေါ်ခဲ့ကြပါတယ်…ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ EIDE drive ကို IDE drive လို့ အလွယ် ခေါ်ကြသလို PATA Drive လို့ လည်းခေါ်ကြပါတယ်..

Fef : http://www.knowledgewar07.com/2011/07/hard-ware.html

SATA Hard Disk အကြောင်း ( 26.8.10 )
Hard disk ဆိုတာက ကွန်ပျူတာမှ Data storage အနေနဲ့လုပ်ဆောင်တဲ့ Device ဖြစ်ပါတယ်....Windows တွေ နဲ့ အခြား Software တွေက Hard disk ထဲကနေပြီးတော့ ခေါ် Run ပြီးတော့ Memory ပေါ်ကိုပို့ပါတယ်... Memory ကမှတဆင့်...Monitor ပေါ်ကိုပို့ပေးတာဖြစ်ပါတယ်...Hard disk မှာ Sata ရယ် IDE ရယ်ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်....ဘာကွာကလဲဆိုတော့ Data Transfer rate ကွာပြီးတော့ နောက်က Cable ကြီုးချင်းလည်းမတူပါဘူး...Data Transfer က Sata က ပိုပြီးတော့ IDE ထက် မြန်ပါတယ် .....


SATA အကြောင်း

SATA အကြောင်းမပြောခင် ATA hard disk drives အကြောင်းကို ပြောပါ့မယ်။ATA ဆိုရဲ့ အရှည်ကောက်ကတော့ Advanced Technology Attachment လို့ အဓိပ္ပါယ်ရပါတယ်။သူက Serial ကော Parallel IDE Format ကော နှစ်မျိုးလုံးနဲ့ လာတတ်ပါတယ်။

Serial ATA ကို SATA လို့ခေါ်ပါတယ်။ SATA ရဲ့ နည်းစနစ်ကို စတင်ပြီးတော့ မိတ်ဆက်ခဲ့တာကတော့ ၁၉၈၆ လောက်တုန်းကဖြစ်ပါတယ်။အဲဒီ့ နည်းပညာကို အတည်ပြု (အသိအမှတ်ပြုခဲ့တာကတော့) 2002 ခုနှစ်လောက်တုန်းက ANSI အဖွဲ့ကနေပြီးတော့ အသိအမှတ်ပြု ပေးခဲ့ပါတယ်။

SATA ရဲ့ ကောင်းတဲ့ အချက်ကတော့ Main Board နဲ့ Drive ကို Point to Point Communication လုပ်လို့ရပါတယ်။ (*)Parallel ATA (PATA) မှာတော့ ကြိုးတစ်ကြိုးတည်းမှာ master slave အရောကို Support လုပ်ပြီးတော့ Drives ၂ ခု ကြိုးတစ်ချောင်းနဲ့ ချိတ်လို့ရတဲ့ နည်းပညာပါ ပါတယ်။
SATA ကို RAID လုပ်ရာမှာလည်း သုံးလေ့ရှိပါတယ်။ SATA ကို စပြီးတော့ Design ထုတ်လိုက်ရတဲ့ အကြောင်းအရင်းက တော့ Data Transfer Rate အတွက်ဖြစ်ပါတယ်။ DATA Transfer လုပ်ရာမှာ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ Device လို့လဲဆိုနိုင်ပါတယ်။ သူကတော့ Data တွေကို half duplex နည်းနဲ့ transfer လုပ်ပါတယ်။
Speed အနေနဲ့ဆိုရင်တော့ ၁ စက္ကန့်ကို 1.5 GB ပမာဏအထိ Data Transfer လုပ်နိုင်ပါတယ်။

SATA II ကိုတော့ ၂၀၀၃ မှာ ထပ်မံမိတ်ဆက်ပါတယ်။ သူကတော့ Speed အနေနဲ့ ၁ စက္ကန့်ကို 3 GB လောက်အထိကို Data Transfer လုပ်နိုင်ပါတယ်။ Parallel ATA Drive တွေအနေနဲ့ 18 လက်မ အကျယ်ရှိတဲ့ ကြိုးပြားတွေကို သုံးလေ့ရှိပြီးတော့ Serial ATA (SATA) တွေ အနေနဲ့ ကတော့ အရှည် ၁ မီတာလောက်အထိရှည်တဲ့ ကြိုးတွေကိုသုံးပါတယ် အကျယ်ကတော့ လက်မဝက်လောက်တောင်မရှိပါဘူး။အဲဒီ့ အချက်က PATA တွေနဲ့ နှိုင်းယှဉ်ရင် SATA ရဲ့ နောက်ထပ် ကောင်းတဲ့အချက်လို့ဆိုရပါလိမ့်မယ်.. Casing ထဲမှာကြိုးရှုပ်ထွေးမှုကို ရှောင်ရှားနိုင်လို့ပါ။

SATA တွေ အနေနဲ့ အခြား Hard Disk တွေလိုဘဲ External တွေ ရှိပါတယ်။ သူ့ကိုတော့ eSATA လို့လည်း ခေါ်ပါတယ်။ နောက်တစ်နည်း ခေါ်တာကတော့ External Direct Attached Storage for Notebook လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်လို့ ဖတ်ရှုဖူးပါတယ်။External SATA တွေ အစား အခြား External သုံးလို့ရတာတွေ ရှိပါသေးတယ် အဲဒါတွေကတော့ USB တွေနဲ့ IEEE 1394 တွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီ့ Device တွေက SATA တွေလောက် Data Transfer Rate မမြန်ပါဘူး။

External SATA သုံးတာတွေရဲ့ ကောင်းတဲ့အချက်တွေကတော့ ..............
1.....အခြား Device တွေထက် Data ပို့တာ ၆ ဆလောက် မြန်ပါတယ်။
2.....အကြမ်းခံပါတယ်။ အသုံးပြုသူတွေအတွက်လည်း လွယ်ကူစွာအသုံးပြုနိုင်ပါတယ်။
3.....Performance ကောင်းတဲ့ အပြင် ကုန်ကျစရိတ်အနေနဲ့လည်း ပေးရတာသက်သာတယ်လို့ဆိုရပါမယ်။
4.....အကောင်းဆုံးကတော့ Portable ဖြစ်တာနဲ့ ၊ ၂ မီတာလောက်ရှည်တဲ့ သေချာ ပြုလုပ်ထားတဲ့ ကြိုး ကြောင့် အသုံးပြုရတာ လွယ်တဲ့အချက်ဘဲဖြစ်ပါတယ်။

Fef : http://www.monetine.net/2010/08/1015sata-hard-disk-26810.html

0 comments:

Post a Comment

Search