welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Sunday, July 10, 2011

Saw Linux  /  9:04 PM  /  ,   /  No comments
ကျနော်ဒီနေ့အချိန်ရတာနဲ့ Shout Box မေးထားတဲ့ အချို့ပြဿနာတွေကို သိသလောက်လေးနဲ့ဖြေပေးလိုက်
တယ်။
စောချစ်း ဘလော့တွေမှာ ဒေါင်းလုဒ်လင့်တွေကိုနှိပ်လိုက်ရင် Direct ကျလာအောင်ဘယ်လိုလုပ်ရမလဲ…
Answer : လုပ်နည်းလေးကတော့ မိမိ Upload တင်မည့် ဆိုက်နဲ့ဆိုင်ပါလိမ့်မယ်။ ကျနော်တစ်ခြားဆိုက်တွေ
တော့မသိဘူး။ ကျနော်သုံးနေကျ upload လင့်တွေက site google, google code ဆိုက်တွေကိုပဲအသုံးပြု
ပါတယ်။ အဲဒီလင့်ကနေ upload တင်လိုက်ရင် ငါ့ညီစောချစ်လိုချင်တဲ့ Direct လင့်ကျလာတာကို ရနိုင်မှာ ဖြစ်ပါတယ်။ Google code သည် javascript အတွက်အသင့်တော်ဆုံးနေရာလည်းဖြစ်ပါတယ်။ ပြီးတော့ တင်ထားတဲ့လင့်ကိုယူပြီး မိမိဘမှာ ပြန်ချိတ်လိုက်ပေါ့။ အဲဒါဆို နှိပ်လိုက်တာနဲ့ direct လင့်ကျလာပါလိမ့်မယ်။

Google Code Register ပြုလုပ်နည်း
အရင်ဆုံး မိမိ gmail အကောင့်ကို ၀င်လိုက်ပါ။
ပြီးတော့ http://code.google.com/ ဒီလင့်ကို ဖွင့်ပြီး ဘယ်ဖက်တွင် Project Hosting ကိုနှိပ်။
နောက်စာမျက်နှာတွင် Project Hosting on Google Code ကိုနှိပ်။
ထိုနောက် ဒီစာမျက်နှာမှာ အောက်တွင် Create New Project ဆိုတာကိုနှိပ်ပါ။
ဒီစာမျက်နှာမှာပါတဲ့ Form အကွက်အားလုံးကိုဖြည့်ပြီး Create Project ကိုနှိပ်ပါ။ ဒါဆို Register
တင်တာပြီးပါပြီ။

Upload တင်ချင်ရင် Download ကိုနှိပ်ပြီး New Download ကိုဆက်နှိပ်ပါ။ ပြီးရင် မိမိ upload တင်ချင်တဲ့
ဖိုင်ကိုရွေးပြီးတင်လိုက်ရုံပါပဲ။

Sawmawklo: ဘလော့ template ဘယ်လိုပြောင်းမလဲတဲ့…
Answer : ဘလော့တင်ပလိတ်ပြောင်းတာကတော့ သိပ်မခက်ခဲလောက်ပါဘူး။ အကောင်းဆုံးပုံစံတစ်ခုကိုပဲ
ပြောပေးလိုက်မယ်။ မိမိဘလော့ကို long in ၀င်လိုက်ပါ။
Dashboard> Design > Edit HTML အထိဝင်လိုက်ပါ။
ဒီ စာမျက်နှာမှာပါတဲ့ Download full page ကိုနှိပ်ပြီး အရင်ဆုံးမိမိဘလော့ Backup လုပ်ထားလိုက်ပါ။
ပြီးတော့ http://best-template.blogspot.com/ ဒီလင့်ကိုဖြစ်စေ၊ အခြားလင့်တွေကိုဖြစ်စေ မိမိကြိုက်တဲ့
ဘလော့ တင်ပလိတ်တစ်ခုခုကို ဒေါင်းလုဒ်လိုက်ပါ။
ထိုနောက် အောက်ပါပုံအတိုင်း Edit HTML စာမျက်နှာတွင် တွေ့ရတဲ့ Browse ကိုနှိပ်ပြီး

မိမိဒေါင်းလုဒ်ထားတဲ့Blog template ကိုရွေးပြီး open ကိုနှိပ်။ ပြီးတော့ upload ကိုဆက်နှိပ်ပါ။ ခဏစောင့်။
ပြီးရင် အောက်ကSave HTML ကိုနှိပ်။

Guest : hi my computer hand often when I use internet there is many free space in my computer but I don't know why it is hand so much pleaze help me.
Answer : အသုံးပြုတဲ့ကွန်ပျူတာ W OS က အတိအကျမသိတော့ ဖြေရတာနည်းနည်းခက်တယ်။ ဘာဖြစ်ဖြစ် ဖြေကြည့်မယ်။ မိမိဖြစ်တဲ့ပြဿနာနဲ့အဆင်ပြေတယ်ဆိုရင် ဒါအိုကေပေါ့။ အဆင်မပြေခဲ့သော် တစ်ခုခုသိရတာ အမြတ်ပဲလို့ သဘောထားလိုက်ပေါ့။
အဲဒါမျိုး ကွန်ပျူတာ ဟမ်းနေရင်…..
(၁) ဖြစ်နိုင်ခြေအများဆုံးကတော့ မိမိအင်စတော့ထည့်သွင်းလိုက်တဲ့ ဆော့ဝဲပရိုဂရမ်ကြောင့်ဖြစ်နိုင်တယ်။ အဲလို ဆိုရင် control panel> add and remove hardware (programs and features) ကနေ မိမိအသုံးမလိုတဲ့ ဆော့ဝဲ ပရိုဂရမ်တွေကို ဖြုတ်ပါ။
(၂) ဒေါင်းလုဒ် (သို့မဟုတ်) မိမိကူးယူလာတဲ့ ဖိုင်၊ ဒေတာစသည်တို့မှ Virus ကူးစက်မှုကြောင့် ဟမ်းသွားတာလဲ ဖြစ်နိုင်တယ်။ အဲဒီလိုဆိုရင် Virus အမျိုးအစားလိုက် လိုက်ပြီးစစ်ပါ။ Remove, Delete လုပ်ပါ။ (အသေးစိတ်မ ပြောတော့ပါဘူး)

နောက်ပြီး မိမိစက်ကို အမြဲတန်းပေါ့ပါးသွက်လက်စေချင်ရင် ကျနော်ရေးခဲ့တဲ့ ကွန်ပျူတာထိမ်းသိန်းမှုအခြေခံလေး လေးတွကို ဖတ်စေချင်တယ်။ ဖတ်ပြီးတော့ အဲဒါတွေကိုမကြာမကြာလုပ်ဆောင်ပေးမယ်ဆိုရင် မိမိတို့ကိုင်တဲ့စက် အမြဲတန်းလန်းဆန်းမှာဖြစ်ပါတယ်။ အောက်ပါလင့်ကိုဖွင့်ပြီးဖတ်ကြည့်ပါ…သိပြီးသားဆိုရင်လဲ ကျော်သွားပေါ့ဗျာ.
PC Basic Maintenance (ဖိုင်များကိုစီမယ်၊ ရှင်းမယ်)

0 comments:

Post a Comment

Search