welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, July 27, 2011

Saw Linux  /  6:38 PM  /    /  No comments
ကျနော်လဲ အချိန်မရတာနဲ့ပို့စ်အသစ်တွေမတင်နိုင်ဘူး။ ဒီနေ့တော့ ဖရီးရနိုင်တဲ့ Anti Virus တစ်မျိုးတင်ပေး
လိုက်မယ်။ အဲဒါကတော့ Panda Cloud Antivirus ဆော့ဝဲနဲ့ Panda USB Vaccine users တို့ဖြစ်ပါတယ်။
Panda Cloud Antivirus က Edition နဲ့ Pro ဆိုပြီး နှစ်မျိုးပေါ့ဗျာ။ Edition ကတော့ ဖရီးအတွက်ဒေါင်းလို့
ရတယ်။ Pro ဆိုတာက ပိုက်ပိုက်နဲ့ဝယ်ရမယ်နော်။

ကျနော်သိသလောက် ဖရီးရနိုင်တဲ့ အန်တီဗိုင်းရပ်စ်ဆော့ဝဲတွေကတော့ Avast, Avira, AVG, Panda တို့
ပါပဲ။ ကျန်တဲ့အန်တီဗိုင်းရပ်စ်ဆော့ဝဲတွေကတော့ ဖရီးရတယ်ဆိုပေမယ့် keygen, keyfile, key တွေကိုအ
မြဲတန်း အင်တာနက်ကနေရှာဖွေပြီး သူတို့ပေးတဲ့အချိန်ရောက်တိုင်း ချိန်းပေးရပါတယ်။ ဒါပေမယ့် ဘယ်
အန်တီဗိုင်းရပ်စ်မဆို ကောင်းတာချည်းပါပဲ။ သုံးစွဲတဲ့ပုဂ္ဂိုလ်အပေါ်မှာမူတည်ပါလိမ့်မယ်။ ဆိုလိုတာက PC
ကို အသုံးပြုတဲ့နေရာမှာ စနစ်တကျ maintenance လုပ်ပေးမယ်ဆိုရင် ဗိုင်းရပ်စ်တိုက်ခိုက်မှုအတွက်
သက်သာပါလိမ့်မယ်။
ကဲ…Panda Cloud Antivirus ဒေါင်းလုဒ်ပြီး အသုံးပြုကြည့်ပေါ့ဗျာ။ Avira လို ကီးဂျင်တွေလိုက်ကိုက်ခြင်း
မှကင်းဝေးပါတယ်။



Download Panda Cloud Antivirus :
Dwonload for Free

နောက်တစ်ခုက Panda USB Vaccine users ပေါ့ဗျာ။ သူက အပိုင်းနှစ်ပိုင်း ပါဝင်တယ်။

(၁) Computer Vaccination

သူကတော့ CD/DVD Drive နဲ့ USB Drive တွေရဲ့ autorun မှန်သမျှိ Disable လုပ်ပေးတဲ့နေရာမှာ အသုံးပြုပေးတဲ့ Tool ဖြစ်တယ်။။ အရမ်းအသုံးတည့်တဲ့ tool တစ်ခုပါပဲ။

(၂) USB Drive Vaccination

သူ ကတော့ malware တွေရဲ့ auto ဖြန့်ဝေမှု့တွေကို ကာကွယ်ဖို့အတွက် USB Drive ရဲ့ Autorun.inf
တွေကို Disable ပေးနိုင်ပါတယ်။ USB Drive ထဲမှာ autorun.inf ဖိုင်ဆိုတာရှိတယ်။ အဲဒါတွေကို Create, Read, Modifies, Delete လုပ်လို့မရအောင် ကာကွယ်ပေးပါတယ်။

ဒီဆော့ဝဲလ်ကို Install လုပ်စဉ်မှာ Automatically Vaccinate ကိုရွေးပေးခဲ့မယ်ဆိုရင် USB Drive ကို တပ်လိုက်တိုင်း Vaccination လုပ်ပေးမှာဖြစ်ပါတယ်။ ဒီလို Vaccination လုပ်ထားတဲ့ USB Drive ကို
autorun တွေ အလုပ်လုံးဝ မလုပ်တော့ပါဘူး။



Download Panda USB Vaccine users :
Download CNet

0 comments:

Post a Comment

Search